ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် ထိုင်းနိုင်ငံသို့ PV (Passport Visit) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို လက်ရှိ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်မှ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် PV ပက်စပို့စ် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများကို စတင်ပိတ်ပင်လိုက်ပြီး အလည်အပတ် ဗီဇာကိုလည်း စစ်ဆေးမှု တင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီလ ၂၃ ရက်က စပိတ်လိုက်တာ PV ကိုင်ဆောင်ထားတဲ့ သူတွေပေါ့။ အရင်ကတော့ ပိုက်ဆံထိုးပေးရင် ရတယ်လေ။ ပိုက်ဆံထိုးပေးပြီး သွားတဲ့သူတွေ အများကြီးပဲ၊ အခုက အထက်လူကြီးကြောင့် ယာယီပိတ်ထားတယ် ပြောတယ်။ အလည်အပတ် ဗီဇာကိုလည်း ဆေးရုံထောက်ခံစာ အပြည့်အစုံ ပါ […]