ylliX - Online Advertising Network

အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ – Western News

အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ဒေသသတင်းဌာနကများက ရေးသားသည်။ အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးသည် ၎င်းတို့၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ထဲ ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦးနဲ့ […]