ylliX - Online Advertising Network

အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော – Kachin News Group (KNG)

ဗန်းမော်ခရိုင် မံစီမြို့နယ်  အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကစတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လစ ကြွက်ဘေးဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ ပြန်ပေါက်တယ်။ အဲဒီလို ပြန်ပေါက်လာတဲ့ စပါး၊ သီးနှံတွေအားလုံးကိုလည်း ကုန်အောင် ကြွက်တွေ ပြန်စားပစ်လိုက်တာ။ အဲဒီလို ဆက်တိုက်ကြွက်တွေစားပေးလိုက်တာကြောင့် အခု  ရိတ်သိမ်းချိန်ကျ စပါးပင် တစ်ပင် နှစ်ပင်လောက်ပဲ ပေါက်နေတာ ရွာသားတွေက ကိုယ့်စပါးဆိုတော့ သနားလို့ ရှိတဲ့အနည်းအကျဉ်းလေးပဲဆိုပေမဲ့ လာကောက်ကြရိတ်သိမ်းကြတာတွေတော့ ရှိနေတယ်”လို့ မိုးမောက်မြို့နယ် မိုင်ကုန့်ဒေသခံတစ်ဦးက ပြောပါတယ်။ ကြွက်ဘေးဆိုက်ကပ်သွားတဲ့ ကျေးရွာတွေဟာ အင်ဘာပါဒေသထဲမှာပါဝင်တဲ့ ဂေါင်ရီ လုံခတ်(Gauri Lunghkat)၊ မိုင်ကုန့် (Maikung)၊ ခက်မှာ ( hkyet ma )၊ ဘွမ်အောင်နန်( Bum Awng Nan)၊ စတဲ့ကျေးရွာတွေအပြင် အနီးတစ်ဝိုက်ကျေးရွာ ၁၀ ဝန်းကျင်ရှိတယ်လို့ […]