ylliX - Online Advertising Network

ရွာငံ စစ်ဆေးရေးဂိတ် တော်လှန်ရေးတပ် တိုက်ခိုက်မှု မူးယစ်ရဲ အပါအဝင် ရဲ ၇ ဦးသေ – သျှမ်းသံတော်ဆင့်

သျှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့ပြင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းလွဲပိုင်းက တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ရာ မူးယစ်ရဲ ၆ ဦးနှင့် ရိုးရိုးရဲ ၁ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ- အောင်ပန်းမှ ရွှေညောင်-တောင်ကြီးသို့ သွားရာလမ်းရှိ ရွာငံ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရဲကင်း တိုက်ခိုက်ခံရသဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲသွားသည့် ရာနှင့်ချီသည့် ကားများ ပိတ်မိခဲ့ကြောင်း ကားသမား တစ်ဦးက ပြောသည်။ “ရွာငံမြို့ပြင် ဂိတ်မှာ ဖြစ်တော့ ကားတွေ ပိတ်နေတာ။ ကျနော်ကတော့ ကွင်းလမ်းက သွားလိုက်တယ်။ ပေါက်ကွဲသံတွေလည်း ကြားတယ်” ဟု ယမန်နေ့က အခြေအနေကို ကားသမား တစ်ဉီးက […]

တန်ဆောင်တိုင်ပွဲ‌တော် ငှားရမ်းမည့်ဆိုင်ခန်းများ ကျပ်သိန်း ၂၀ ဝန်းကျင် ထိပေါက်ဈေးရှိ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ‌တော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း […]

တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။  အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။  “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်းရှိမရှိအသေးစိတ် မသိရသေးပေ။   စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း […]