တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။ “အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု […]
(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ရဲ့ဌာနချုပ်ဖြစ်တဲ့ ပန်ဝါမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ ကန်ပိုင်တည်ဒေသက တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး ကချင်ပြည်နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link