မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့မှ ကိုးကန့်လက်နက်ကိုင် MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်အား တရုတ်အစိုးရက အကျယ်ချုပ်ထားဟု သတင်းထွက် – Myanmar Transparency News Source link
တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။ အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များကဆိုသည်။ ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး၎င်းမြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရသည်ဟုဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ […]