ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်သီချင်းဆိုပြိုင်ပွဲ Grand Final ဖျော်ဖြေမှုနှင့် ဆုပေးပွဲအား နိုဝင်ဘာ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။တရုတ်သီချင်းဆိုပြိုင်ပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် Center for Language Education and Cooperation မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များ၏ အသက်အရွယ်အလိုက် ကလေး ၊ လူငယ်၊ လူကြီးဟူ၍ အဆင့်သုံးမျိုး ခွဲခြား ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ တရုတ်စာသင်ကျောင်းများမှ ပြိုင်ပွဲဝင်ဦးရေ ၁၀၀ ကျော်အနက် ၄၅ ဦးအား ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါဆုများတွင် ပထမဆု ၂ ဆု၊ ဒုတိယဆု ၄ ဆု၊ တတိယဆု […]