ylliX - Online Advertising Network

တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်ဝန်ကြီးချုပ်ပြော

Credit to Popular Journal – တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang မှ ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ကာ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဟု ပြောသည်။ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုချီးကျူးပြီး တရုတ်နိုင်ငံအနေဖြင့် နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုထောက်ခံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဆန္ဒပြုကူညီသွားမည်ဟု ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကာ တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ […]