၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက် ________ ရန်ကုန် ။ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုနယ်ပယ်အတွင်း ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးနှင့် တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်းများဖွင့်ပွဲအခမ်းအနားနှင့် တရုတ်ခရီးသွားစျေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ပထမဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ မှ အဖွင့်မိတ်ဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ပတ်သက်၍ အကျဥ်းချုပ်ရှင်းလင်းတင်ပြခြင်း၊ ယနေ့ကျင်းပတဲ့ သင်တန်းဖွင့်ပွဲအခမ်းအနား၏ ရည်ရွက်ချက်နှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေရဲ့ စျေးကွက်တစ်ခုဖြစ်တဲ့ တရုတ်ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအတွက် ရည်ရယ်ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ တရုတ်ခရီးသွားများ ပိုမိုလာရောက်နိုင်အောင် […]