သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း […]
သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့် ကလောဆေးရုံသို့ ပို့လိုက်ရကြောင်း မြို့ခံ တစ်ဦးက ပြောသည်။ ရေဘေးဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရသည့် နာမည်ကျော် ကလောမြို့တွင် တန်ဆောင်တိုင်ပွဲ ကျင်းပရန် ပြင်ဆင်မှု အဖြစ် မီးရှူးမီးပန်းများ အတွက် ယမ်းစပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကျောင်းဆောင် ကြမ်းခင်း ပွင့်ထွက်သွားကြောင်း ဆိုသည်။ “ယမ်းထောင်း ယမ်းစပ်တာကနေ ပေါက်ကွဲတာ။ ဦးပဇင်း ၂ ပါးနဲ့ လူ ၃ […]