ylliX - Online Advertising Network

နိုဝင်ဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် – Dawei Watch

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ထားဝယ်မြို့မှာ အသက်ကြီးပိုင်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ထားဝယ်မြို့မှာ ကလေးတွေ ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များနေတာ လောင်းလုံးမြို့နယ်က ကျေးရွာ ၇ ရွာလောက်မှာ စစ်ရဟတ်ယာဉ်တွေလာဝဲနေလို့ ဒေသခံတွေစိုးရိမ်နေတဲ့အခြေအနေ ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အကြောင်း ကမြောကင်းတံတားအနီးက ယာဉ်တိုက်မှုမှာ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တာ ဘုရားသုံးဆူမြို့မှာ ဝန်ထမ်းမိသားစုဝင်သုံးဦး ဖမ်းဆီး အသတ်ခံလိုက်ရတဲ့အကြောင်း အဏုမြူလက်နက်ပိုင်တဲ့နိုင်ငံတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တရုတ်က တိုက်တွန်းလိုက်တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link

နိုဝင်ဘာလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် – Dawei Watch

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း ထားဝယ်မှာ ကားထဲပိတ်မိနေတဲ့ ယာဉ်မောင်းကို ကယ်ဖို့ကြိုးစားသူ ဓာတ်လိုက်ပြီး ဒဏ်ရာရသွားတာ ပွင့်လင်းရာသီအစမှာ မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတွေ ဈေးကောင်းရနေတဲ့ သတင်း ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အကြောင်း ရနောင်းမြို့ ရနောင်းဌာနီဈေးနားက ၄ လွှာတိုက်တန်း မီးလောင်ခဲ့တဲ့အခြေအနေ ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရတဲ့အကြောင်း တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link

နိုဝင်ဘာလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် – Dawei Watch

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပုလောတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ချိန် အရပ်သားတစ်ဦးကိုဖမ်းခေါ်သွားတဲ့အကြောင်း ပုလော ကျောက္ကာရွာအနီး နစ်မြုပ်သွားတဲ့ စက်လှေပြန်တွေ့တဲ့သတင်း မော်လမြိုင် ဆီဆိုင်မီးလောင်မှုတွင် မီးငြှိမ်းသတ်သူ ၂၀ကျော် ဒဏ်ရာရခဲ့တဲ့သတင်း ထားဝယ်မြို့ပေါ်က ရပ်ကွက်သုံးခုမှာ ဒီကနေ့ညနေ နိဗ္ဗာန်ဈေးလုပ်တဲ့အကြောင်း မြန်မာလုပ်သားတွေရဲ့ လုပ်အားခ ဘတ် ၇ သိန်းကျော်မပေးတဲ့ အလုပ်ရှင် အမှုဖွင့်ခံရတဲ့သတင်း ရွှေနဲ့ ဘတ်ဈေးအခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link

နိုဝင်ဘာလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတဲ့အကြောင်း သန်းခေါင်းစာရင်းကောက်အဖွဲ့မှာပါလို့ ဖမ်းဆီးထားတဲ့ သရက်ချောင်းမြို့နယ်က ဝန်ထမ်း ခုနစ်‌ေယာက်ကို ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေ သရက်ချောင်းမြို့နယ်မှာ ထန်းရည်ရောင်းတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ သေနတ်ဒဏ်ရာ ရရှိခဲ့တာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဥတ္တူရွာက ကထိန်ပွဲ ဖျက်သိမ်းလိုက်ရတဲ့အကြောင်း အထည်အလိပ်ဈေးမြင့်တက်နေလို့ ကထိန်သင်္ကန်းဈေးလည်း မနှစ်ကထက် နှစ်ဆလောက်မြင့်တက်သွားတဲ့အခြေအနေ ရောင်းမော်ရွာက ပျူစောထီးအဖွဲ့ဝင်လို့ဆိုသူတွေရဲ့ နေအိမ်ခုနစ်ဆောင်မီးရှို့ခံရတာ ထိုင်းဖက်က အဝယ်လိုက်လာလို့ ကျွန်းစုမြို့နယ်က ကဏန်းမဲဈေးကောင်းရလာနေတဲ့အကြောင်း ဘန်ကောက်မြို့အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား တစ်ရာကျော်အဖမ်းခံလိုက်ရတာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

အောက်တိုဘာလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် – Dawei Watch

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပုလောတိုက်ပွဲကြောင့် ကားပိတ်နေချိန် ယာဉ်မောင်းတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ သီတင်းကျွတ်လပြည့်နေ့ ဘုရားသွား ဆီမီးပူဇော်ကြတဲ့အကြောင်းနဲ့ သရက်ချောင်းနဲ့ ထားဝယ်အရှေ့တောဒေသမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့အကြောင်း လောင်းလုံးတွင် ထိတွေ့ပစ်ခတ်မှုများအတွင်း အရပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တဲ့သတင်း ပြည်ပြေးဝန်ကြီးချုပ်ဟောင်းကိုဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့အကြောင်း ရွှေနဲ့ဘတ်ဈေးသတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link