ylliX - Online Advertising Network

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် လီမာမြို့၌ တွေ့ဆုံဆွေးနွေး

လီမာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် လီမာမြို့၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄ နှစ်ကြာကာလက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျအပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် နှစ်ဖက်အဖွဲ့ကို လမ်းညွှန်ကာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ လမ်းညွှန်အခြေခံမူအချို့ကို အတည်ပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် အတူတကွ တွန်းအားပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ၂၀ ကျော်ကို ပြန်လည်တည်ဆောက်မှုနှင့် အသစ်တည်ဆောက်မှုပြုနိုင်ခဲ့ကြောင်း၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၈ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် ယနေ့ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူးက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထိုနောက် တွေ့ဆုံဆွေးနွေးရာ၌ ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချက်အချာကျသည့်နေရာတွင် တည်ရှိပြီး ခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ချုံချင့်မြို့သို့ ခရီးစဉ်လာရောက်မှုသည် မြန်မာ – ချုံချင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့်အခြေအနေများနှင့် ချုံချင့်မြို့နယ်အနေဖြင့် ၎င်းတို့၏ နည်းပညာအားသာချက်များ၊ လမ်းပန်းဆက်သွယ်မှုအချက်အချာာကျသည့် အားသာချက်များအပေါ်တွင်မူတည်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အလားအလာများ၊ မြန်မာနိုင်ငံနှင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ […]