မြင်းခြံ၊ အောက်တိုဘာ ၂၅ မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ တွင် ၂၅.၁၀.၂၀၂၄ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့်(၈)ပေ၊ အလျား(၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာအဖွဲအစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ကျား(၁)ဦး(သေဆုံး) နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား နာရေးကူညီမှုအသင်းကားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link
◾ လက်ရှိတိုက်ပွဲအတွင်း CNA/CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်း ရေးသားနေကြ ၂၄.၁၀.၂၀၂၄Written By Zun ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဗိုလ်ကြီး ဆလိုင်း မင်းထွန်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းမှာ ပလက်ဝမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ထန်တလန်မြို့တစ်နေရာ၌ သေဆုံးခဲ့ကာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ သေဆုံးသည့် ဆလိုင်းမင်းထွန်းမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ရွာဇာတိဖြစ်ကြောင်း၊ လွန်ခဲ့သော၂၀၁၃ ခုနှစ်ကပင် CNA သို့ ဝင်ရောက်ခဲ့ရာ CNA ရဲမေတစ်ဦးနှင့် အကြောင်းပါကာ […]