စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။ ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် […]