တောင်ကုတ် စကခ ၅အတွင်းက လက်နက်မချသည့် ပူးပေါင်းတပ်အချို့နှင့် AA တိုက်ပွဲဆက်လက်ပြင်းထန်၊မြို့ကို AA ထိန်းချုပ်ထား – Ayeyarwaddy Times Source link
(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲကလည်းအရမ်း ပြင်းထန်နေတယ်”ဟုပြောသည်။ […]
◾ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ၄ ကြိမ်တိုင်တိုင် AA များ ဆုတ်ခွာသွားခဲ့ရကြောင်းဒေသခံများပြော ၆.၁၁.၂၀၂၄Written By Zun ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်တိုက်ပွဲတွင် AA လက်နက်ကိုင် ၂၀၀ ကျော် သေဆုံးခဲ့ ကြောင်း သေခံများက MT News ကို ပြောပြချက်အရ သိရသည်။ တပ်မတော်နှင့် AA အဖွဲ့တို့ နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီခန့်အချိန်ခန့်တစ်ကြိမ်၊ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်း ၁ နာရီခန့်အချိန်တွင်တစ်ကြိမ်၊ နိုဝင်ဘာ ၅ ရက် နံနက်၈ နာရီအချိန်ခန့်တွင် တစ်ကြိမ် ၊ ယနေ့ နိုဝင်ဘာ ၆ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် တစ်ကြိမ် […]