၂၆.၁၀. ၂၀၂၄Written by Shwe Phyo အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဏိပူရပြည်နယ်အခြေစိုက်လက်နက်ကိုင်အဖွဲ့ဖြစ်သော PREEPAK (PRO) အဖွဲ့ နှင့် People’s Liberation Army (PLA) အဖွဲ့တို့မှ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။ PREEPAK (PRO)အဖွဲ့က ၎င်းတို့အဖွဲ့ဝင်နှစ်ဦးနှင့် RPF/PLA အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ချင်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ သေဆုံးခဲ့သော မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းကို အာသံရိုင်ဖယ်တပ်ရင်းက ပြန်လည်ယူဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂၄ ရက်နေ့တွင်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။ အိန္ဒိယ Pallel ရဲစခန်းမှ တာဝန်ရှိသူများသည် သေဆုံးခဲ့သော လက်နက်ကိုင်အဖွဲ့ဝင်များ၏ […]