ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရေမြောင်းထဲဆင်းပြီး ပလုံကောက်သည့် ဇနီးဖြစ်သူ ဓာတ်လိုက်နေခြင်းကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူအမျိုးသားက ဆင်းကယ်ရာမှ ၎င်းအမျိုးသား ဓာတ်လိုက်သေဆုံးသွားခဲ့သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ယင်းဖြစ်စဥ်သည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းရှိ ရေမြောင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းရေမြောင်းအတွင်းသို့ ဓာတ်ကြိုးလျော့ကျနေသည်ကိုမသိဘဲ ပလုံဆင်းကောက်ကြရာမှ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဖြစ်စဥ်ကြောင့် သေဆုံးသွားသူ အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူနှင့်အတူ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းနှင့် သေဆုံးသူ၏ရုပ်အလောင်းအား အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသလို ကျန်ရစ်သူများအတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က အလှူငွေ ၂ သိန်းကျပ် လှူဒါန်းပေးခဲ့သည်ဟု သိရသည်။ Related Source link
[Unicode] နှစ်ဘဝမင်းသားဟု လူသိများသာ အိန္ဒိယတောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ ကာမိနီနီတို့သည် တောင်ပိုင်းရုပ်ရှင်လောက၏ သြဇာအလွှမ်းဆုံး စုံတွဲများတွင် ပါဝင်သည်။ ရမ်ချာရန်တို့စုံတွဲသည် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ရမ်ချာရန်မှာ အောင်မြင်သည့် ရုပ်ရှင်မင်းသားဖြစ်သကဲ့သို့ ဇနီးဖြစ်သူ ဥပသနာမှာလည်း Apollo ဆေးရုံ၏ ဒုတိယဥက္ကဌဖြစ်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင် အမျိူးသမီးဖြစ်သည်။ ((ရမ်ချာရန်၏ ကြွယ်ဝမှု)) ရမ်ချာရန်သည် အချမ်းသာဆုံး တောင်ပိုင်းမင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၁၃၇၀ ခန့်ရှိကြောင်း ခန့်မှန်းကြသည်။ Magadheera, Dhruva နှင့် Rangasthalam တို့ကဲ့သို့ ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများစွာ တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အော်စကာဆုရ RRR တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာ့ရုပ်ရှင်နယ်အထိ ထိုးဖောက်နိုင်ခဲ့သူဖြစ်ပြီး […]