ဒီလိမ်လည်နေတဲ့ ပိုစ့်တွေကို အောက်တိုဘာလ ဒုတိယအပတ်လောက်က စပြီး 𝐎𝐏𝐏𝐎 𝐅𝐀𝐍𝐒 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ကနေ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ နံပါတ်အချို့ ရေးထားတဲ့ နောက်ဆုံးပေါ် Oppo ဖုန်း ပုံ နဲ့အတူ ‘Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်’ လို့ ရေးသားထားပါတယ်။ အချို့ပိုစ့်တွေမှာတော့ Oppo ဖုန်း ပုံ နဲ့အတူ ‘ယခုအချိန်အထိ ပုံနံပါတ်ကို မှန်ကန်စွာဖြေဆိုနိုင်ခြင်းမရှိသေးပါ။ ယနေ့ကျွန်ုပ်တို့သည်မှန်ကန်စွာဖြေဆိုသူတိုင်းအတွက်စျေးဝယ်ကူပွန်များကိုပေးပါသည်။ မှတ်ချက်- ကံထူးရှင်များကို Messenger မှတဆင့် တိုက်ရိုက်အကြောင်းကြားပါမည်’ လို့ ရေးသားထားပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ […]
𝑺 𝑨 𝑴 𝑺 𝑼 𝑵 𝑮 𝑭 𝑨 𝑵 𝑺 m ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ပြီးခဲ့တဲ့ စတင် ဖန်တီးပြီး ၂၄ နာရီ မပြည့်မီမှာ like လုပ်ထားသူနဲ့ follower ခုနှစ်ရာနီးပါး ရှိနေပါတယ်။ ဒီပေချ့်မှာ တင်ထားတဲ့ ပိုစ့်ပေါင်း ၃ ခု သာ ရှိပါတယ်။ ပိုစ့်တွေမှာ ဆမ်ဆောင်းဖုန်းတွေ အခမဲ့ ပေးသွားမယ့် ပုံစံရေးသားထားပြီး အောက်မှာ နံပါတ်တွေ၊ အရောင်တွေ မှတ်ချက်ပေးခိုင်းထားတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ‘ယခုအချိန်အထိ ပုံနံပါတ်ကို မှန်ကန်စွာဖြေဆို နိုင်ခြင်းမရှိသေးပါ။ ယနေ့ကျွန်ုပ်တို့သည်မှန်ကန်စွာဖြေဆိုသူတို င်းအတွက်စျေးဝယ်ကူပွန်များကိုပေးပါသည်။ မှတ်ချက် – ကံထူးရှင်များကို Messenger က်အကြောင်း ကြားပါမည်’ […]