ylliX - Online Advertising Network

ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး – iMyanmarHouse.com

ဂျာမနီနိုင်ငံရှိ တောနက်ကြီးတစ်ခုထဲတွင် တောရိုင်းသစ်ပင်များကြားမှ ငွါးငွါးစွင့်စွင့် ထွက်ပေါ်နေသော မိုးမျှော်တိုက်ကြီးတစ်ခုရှိနေသည်။ ကြီးမားလှသော မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်သော်လည်း လူသူတစ်ဦးတစ်လေမှ နေထိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုလျှင် ဓာတ်လှေကားများ စမ်းသပ်ရန်အတွက် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်းကြောင့် ဖြစ်သည်။   (ဓာတ်လှေကားစမ်းသပ်သည့် မိုးမျှော်တိုက်ကြီးသည် ဆိတ်ငြိမ်အေးချမ်းသော တောတွင်းမြို့လေးတစ်ခု အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Getty)   (မိုးမျှော်တိုက်၏ အမြင့်မှာ ၈၀၇ ပေရှိသည်။ ဓာတ်ပုံ-Getty)   မိုးမျှော်တိုက်ကြီးကို The TK Elevator Testturm ဟု အမည်ပေးထားပြီး ဓာတ်လှေကားနည်းပညာ တိုးတက်ဆန်းသစ်မှုများရှိလာစေရန် ရည်ရွယ်ကာ စမ်းသပ်မှုများပြုလုပ်ရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ TK Elavator Engineering ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မျိုးဆက်သစ် ဓာတ်လှေကားများ စမ်းသပ်ရန်နေရာ ၁၂ […]