ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားကင်ဆာပြီးရင် ဒုတိယမြောက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဟာ ဆီးကျိတ်ကင်ဆာ ပါပဲ။ ဆီးကျိတ်ကင်ဆာအကြောင်း မပြောခင် ဆီးကျိတ်ဆိုတာဘာလဲ အရင်ရှင်းပြ ပေးချင်ပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ သုက်ရည်ထဲမှာ သုက်ပိုးတွေကို လျင်လျင်မြန်မြန် လှုပ်ရှားသွားလာနိုင်စေဖို့ အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ Photo : Burjeel Hospital ဆီးကျိတ်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်း ကြီးထွားခြင်းက ဆီးကျိတ်ကင်ဆာကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ တဖြည်းဖြည်းချင်းပဲ ကြီးထွားလာတက်ပြီး အစောပိုင်းမှာ သိသာထင်ရှားတဲ့လက္ခဏာမျိုးပြလေ့ မရှိပါဘူး။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါပြင်းထန်တက်ပြီး ကုသမှု မခံယူပါက ကင်ဆာဆဲလ်ပြန့်ပွားမှုနှုန်း အလွန်လျင်မြန်နိုင်ပါတယ်။ […]