ပုံအညွှန်း-သေဆုံးသွားသည့်ကလေးငယ်ပုံ ၊ ဓာတ်ပုံ- ပေးပို့ ဓါတု မဇ္ဈိမ။ ။ ငါန်းဇွန်တွင် စစ်ရှောင်နေကြရသူများ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်ကာ ဆေးကုသမှု မခံယူရ၍ တနှစ်ကျော်ကလေးငယ်အပါ လေးဦး သေဆုံးသွားကြောင်း စစ်ရှောင်များထံက သိရသည်။ စစ်ကောင်စီ စစ်ကြောင်းထိုး၍ စစ်ရှောင်နေကြရသူများအနက် လက်ရှိတွင် ဖျားနာနေသူ ဦးရေမှာ ၂၀၀ ခန့် ရှိနေပြီး ဆေးဝါးမရှိ၍ ၎င်းတို့မှာ ဆေးဝါးကုသမှုမခံယူရကြောင်း သိရသည်။ “ဒီနေ့မနက် ၁နာရီကတနှစ်ခွဲ ကလေးလေးတယောက်ဆုံးသွားတယ်။ ကျွန်တော်တို့ရောက်လာချိန်မှာ ဆေးမမှီတော့ဘူး သူဖျားနေတာ တပတ်ကျော်နေပြီ သူ့အဖေ ဦးပေါမြကလည်းလွန်ခဲ့တဲ့ ၁ရက်နေ့ကပဲ အဲဒီလိုအအေးပတ်ပြီးဆုံးတာ။ စစ်ရှောင်တွေ ရာသီတုပ်ကွေးဝေဒနာခံစားနေရတယ်”ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်သူ ကိုရာဇာက မဇ္စျိမကိုပြောသည်။ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များမှာ စစ်ကိုင်းဒေဒေသတွင်သာရှပြီး လမ်းခရီးနယ်မြေအခက်အခဲကြောင့် သွားရောက်ကုသရန်အဆင်မပြေကြောင်း၎င်းကဆိုသည်။ ငါန်းမြာကြီးကျေးရွာ အပြင် […]
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ၎င်းတို့ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေလုပ်ကွက်အနီး အောက်တိုဘာ၂၂ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။ နံနက် ၁၁ နာရီမှစကာ ညနေအထိ ထိုနေရာအနီးကျေးရွာများ လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး သီလရှင်ကျောင်းတစ်ကျောင်းလည်း ပစ်မှတ်ဖြစ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။ “ဖယောင်းတောင်ဘက်မှာလည်း ကျွန်တော်တို့ မနေ့က တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ခဲ့ပါတယ်ဗျ ”ဟု ကိုအော်စမွန်က ပြောသည်။ အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာလမ်းတွင် ရှိသည့် “ဝေပုလ္လ”သီလရှင်ကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပထမဆုံးလာပစ်တဲ့ လေယာဉ်က သီလရှင်တိုက်ကို အပေါ်က ကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ၄ […]