ylliX - Online Advertising Network

စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ရောက်နေ – Myanmar Now

ဗိုလ်ချုပ်ခင်ညွှန့်၏ စစ်ထောက်လှမ်းရေးတပ်မှ ထိပ်တန်းဗိုလ်ချုပ်ဟောင်းများဖြစ်ကြသည့်  ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး  တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။ ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် MI (ခေါ်) စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများသည် Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက်  Think-Tank ဟုခေါ်သည့် သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။ Paragon Institute တွင် စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးတပ်၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေသည် ဥက္ကဌဖြစ်ပြီး  န.ဝ.တ စစ်အစိုးရ၏  ပြောခွင့်ရအရာရှိဟောင်းနှင့် ဗိုလ်မှူးကြီးဟောင်းလှမင်းသည် အထူးအကြံပေးဖြစ်သည်။အဆိုပါနှစ်ဦးနှင့်အတူ  Paragon Institute အတွင်းရေးမှူး ဦးပြည့်ဖြိုးမောင်တို့သည် တရုတ်အစိုးရကို  နိုင်ငံခြားရေးမူဝါဒများ ချမှတ်ရန်အတွက် အကူအညီပေးနေသည့် Chahar […]