ylliX - Online Advertising Network

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အလွန် စစ်ကောင်စီရဲ့ ထိန်းချုပ်မြို့တွေ လက်လွှတ်ရအုံးမလား (ဆောင်းပါး) – BUR.MIZZIMA.COM

တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ  ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်  ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။  စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ  […]

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် လောက်ကိုင်ရှိ ဟိုတယ်များ ပစ်မှတ်ထား ဗုံးကြဲခံရ

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် လောက်ကိုင်ရှိ ဟိုတယ်များ ပစ်မှတ်ထား ဗုံးကြဲခံရ – Myanmar Transparency News Source link