ylliX - Online Advertising Network

အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း  Starlink သုံးနေရ – Myanmar Now

နိုင်ငံတွင်း ဒေသအများအပြားကို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားသည့် စစ်ကောင်စီလည်း ၎င်း၏တပ်များ ဆက်သွယ်ရေး အဆင်ပြေနိုင်ရန်အတွက် Starlink ဂြိုဟ်တုအင်တာနက် သုံးနေကြောင်း  အထောက်အထား မကြာသေးမီက ပေါ်ပေါက်လာသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ကာလအတွင်း စစ်ရဟတ်ယာဉ်က  ပင်လည်ဘူးရဲစခန်းသို့ ချပေးသော အထုပ်များ ထိုစခန်းကို  ဝိုင်းထားသည့် တော်လှန်ရေးအင်အားစုထံ ရောက်သွားရာ ထိုအထုပ်များထဲတွင် ကျည်ဆန်အများအပြား ၊ အီနာဂါဗုံးသီးများနှင့် ဆက်သွယ်ရေးစက် တချို့အပြင် Starlink ဂြိုလ်တု အင်တာနက်စက်တစ်လုံးပါဝင်နေခြင်း ဖြစ်သည်ဟု   တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  “လာချပေးတာတော့ ရဲစခန်းထဲကို လာချပေးတာ။  Mi- 17နဲ့လာပို့တာဆိုတော့ အောက်ကနေ လေယာဥ်ပစ် စက်သေနတ်နဲ့ ပစ်တော့ ရဲစခန်းထဲ မချနိုင်ဘဲ ချလို့ရတဲ့နေရာချပေးခဲ့တာ” ဟု Guerilla Ranger တပ်ဖွဲ့  ခေါ် […]