ylliX - Online Advertising Network

သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါ်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီလက်အောက်ခံ (၅၀)ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်နေ့ က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #RedNewsAgency #RNA #REDNEWS #AhNyar Source link

အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]