ylliX - Online Advertising Network

တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ

⁨⁨⁨⁨⁨ (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်အလွန် စစ်ကောင်စီရဲ့ ထိန်းချုပ်မြို့တွေ လက်လွှတ်ရအုံးမလား (ဆောင်းပါး) – BUR.MIZZIMA.COM

တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]

MNDAA တပ် ခေါင်းဆောင် ရဲ့ တရုတ်ပြည်တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက်

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။  လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]