ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်ရှိ ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒေသအတွင်းစည်းရုံးရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သိရသည်။ အထူးဒေသ(၁)နယ်မြေအတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့ဌာနချုပ်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် စသည့် ဒေသများကို KIA တပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။ ထိုဒေသအတွင်း နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် လက်နက်မချသေးသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို စည်းရုံးနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “တော်တော်များများကတော့ ကျွန်တော်တို့ထိန်းချုပ်လို့ရပါတယ်၊ ထိန်းချုပ်ရတယ်ဆိုတာကတော့ ကျွန်တော်တို့ ဝင်စီးတဲ့ ရွာတွေကို စည်းရုံးရေးနဲ့ လုံခြုံရေးကို လုပ်ဆောင်နေပါတယ်။ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်နဲ့ (နယ်ခြားစောင့်တပ်)BGF တချို့ရှိတယ် အဲဒါတွေကိုလည်း ကျွန်တော်တို့ လိုက်ပြီးမှ စည်းရုံးနေတယ်” ဟု […]