ylliX - Online Advertising Network

တနင်္သာရီတိုင်း ပြည်ထောင်စုလမ်းမတွင်  စစ်ကောင်စီစစ်ကြောင်းထိုး – Myanmar Now

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမတွင် နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ပုလောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ်ထားသည့်လမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “မြိတ် – ပုလောလမ်းပိုင်းက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်ရေးလုပ်ပါတယ်။ ပုလော – ပလောက်လမ်းပိုင်း ကားလမ်းရွာတွေနဲ့ လမ်းအောက်ဘက်ရွာတွေကိုလည်း နယ်မြေရှင်းစစ်ကြောင်းထိုးပါတယ်” ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူ အမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ခန့်ဖြင့် ပလောက်မြို့မှ မြိတ်မြို့အထိ ၇၈ မိုင်ကျော်ရှည်လျားသော ပြည်ထောင်စုလမ်းအစိတ်အပိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက […]