ylliX - Online Advertising Network

စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းလိုက်ပြီလို့ တရုတ်ကြေညာတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ တရုတ်သံတမန်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မန္တလေး တရုတ်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုနဲ့ မင်းအောင်လှိုင်ကို ဖမ်းလိုက်ပြီဟု တရုတ်ကြေညာလို့ တကမ္ဘာလုံး ထခုန်နေကြကုန်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းလိုက်ပြီလို့ […]