နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အာလင်းဟာလန်းသည် ဆလိုဗေးနီးယားအသင်း နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၄-၂၀၂၅ UEFA Nations League (B) ၏ အုပ်စု (၃) ပွဲစဉ်တွင် နော်ဝေ အသင်းက ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဟာလန်းက ၇၊ ၆၂ မိနစ်တွင် နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် အသင်းခေါင်းဆောင် မာတင်အော်ဒီဂွါ ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် ဟာလန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး ဂိုးအများဆုံးစံချိန်ပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာလန်း (၂၄ […]