ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းကျခဲ့ရာ နံနက်ပိုင်း၏ နှင်းထုအနက်သည် ၁၆ စင်တီမီတာကို ကျော်လွန်သွားကာ ၁၉၀၇ ခုနှစ် အောက်တိုဘာလ ခေတ်မီမိုးလေဝသဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ စတင်ခဲ့ချိန်မှစ၍ ကာလတူ လပိုင်းအတွက် အမြင့်ဆုံး စံချိန်သစ်တင်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် တစ်မြို့လုံးတွင် နံနက်ခင်းအသွားအလာ အများဆုံးအချိန်နှင့် လေယာဉ်ခရီးစဉ်အချို့အပေါ် သက်ရောက်မှုရှိခဲ့ပြီး အစိုးရက ဆီးနှင်း ဖယ်ရှားရေးလုပ်ငန်းများကို အရေးပေါ် စတင်လုပ်ဆောင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ မိုးလေဝသဗျူရိုက အဆိုပါနေ့ နံနက် ၇ နာရီအထိ ဆိုးလ်မြို့၏ ဆီးနှင်းအထူထပ်ဆုံး အနက်သည် ၁၆.၅ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ၁၉၇၂ ခုနှစ် နိုဝင်ဘာ […]