ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ (၂၄)ရက်က ဖွင့်လှစ်လိုက်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံမှ တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး တစ်လလျှင် ဆီတန်ချိန် (၁၅၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ် ၊ အမှတ် (၆၂) ၊ ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့် စက်မှုဇုန်(၂)၌ Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် […]