ရခိုင်ပြည်မြို့တော် စစ်တွေ၊ နာဇီရွာရဲစခန်းနားမှာရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က လာမယ့် နိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)မတိုင်မီ ဖြိုခိုင်းထားတဲ့အပြင် ငါးသောင်းကျပ် မပေးပါက အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခွင့်မပေးဘူးလို့ အဲဒီဒေသခံတွေကို ပြောပါတယ်။ အောက်တိုဘာလ တတိယအပတ်အတွင်း စစ်ကောင်စီတပ်က သူတို့ရဲ့ လုံခြုံရေးအတွက်လို့ဆိုကာ နာဇီရွာရဲစခန်းနားက အိမ်အလုံး ၅၀ ကျော်ကို ဖြိုဖျက်ပေးရမယ်လို့ ဒေသခံတွေကို ရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပြောဆိုထားပါတယ်။ “ကိုယ်တိုင်ဖြိုမလားမေးတယ်။ ဖြိုမယ်ဆိုရင် သူတို့ကို ငါးသောင်းပေးရမယ်ပေါ့။ လိုချင်တဲ့ပစ္စည်းတွေ ယူသွားခွင့်ပေးမယ်။ မပေးနိုင်ရင် သူတို့ဖြိုပစ်မယ်။ ဘာတစ်ခုမှ ယူခွင့်မပေးဘူး။ သူတို့ဖြိုပြီးမှ ငွေပေးမယ်ဆိုရင်လည်း လက်မခံဘူးပြောတယ်” လို့ နာဇီရွာခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နေအိမ်တွေဖြိုဖျက်ဖို့ကိုပဲ ဖိအားပေးနေပေမဲ့ အကူအညီပေးဖို့ ပြောတာမျိုး […]