၂၇. ၁၁. ၂၀၂၄Written by Thettant ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူ အမျိုးသမီးတစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ မသမာသူများအနေဖြင့် လူမှုကွန်ရက် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan […]