Image: AMD Windows 11 ရဲ့ 24H2 update ထွက်ဖို့ကို စောင့်နေတဲ့သူတွေအတွက် Zen 3၊ Zen 4 နဲ့ Zen 5 CPU တွေမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တိုးတက်မှုတွေကို ရှာဖွေခွင့် ရရှိနေပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ AMD က Tom’s Hardware ကိုထုတ်ပြန်တဲ့ သတင်းအရ အဆိုပါတိုးတက်မှုတွေကို ရရှိစေမယ့် branch prediction optimizations တွေကို Windows 11 23H2 ထဲမှာ KB5041587 အမည်နဲ့ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ KB5041587 update ကိုတင်ချင်တယ်ဆိုရင်တော့ Windows Update > Advanced options > Optional updates ထဲမှာ ရှာဖွေသွင်းယူနိုင်ပါတယ်။ […]
Image via OC3D ဒီလအစောပိုင်းမှာ Microsoft ရဲ့ Windows 11 မှာ AMD Ryzen CPU တွေရဲ့ ဂိမ်းစွမ်းဆောင်ရည်ကိုကျဆင်းbug တစ်ခုရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ bug ဟာ AMD Ryzen 9000 series တွေကိုသာမက ယခင် Zen 3 နဲ့ Zen 4 CPU တွေကိုပါသက်ရောက်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒီ bug ကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် AMD ရဲ့ Ryzen 5000-9000 CPU တွေမှာ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်တွေရလာမယ်လို့ သိရပြီး ကနဦးစမ်းသပ်ချက်တွေအရ Windows 11 23H2 update မှာ အလားအလာကောင်းတွေတွေ့မြင်နေရပါတယ်။ Hardware Unboxed ဟာ Windows 11 24H2 update […]