နာမည်ကျော် စိတ်ကူးယဥ်သိပ္ပံအက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Mass Effect ဟာ ဗီဒီယိုဂိမ်းတွေကို ရုပ်သံစီးရီးအဖြစ်ပြောင်းလဲဖန်တီးနေတဲ့ လောကထဲ ထပ်မံပါဝင်လာဖို့ ရှိနေပါတယ်။ Variety ရဲ့အစီရင်ခံချက်အရ Amazon MGM က ၂၀၀၇ – ၂၀၂၁ ခုနှစ် အတွင်း ထွက်ရှိခဲ့တဲ့ ဂိမ်းစီးရီးကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ဆက်လက်ဖန်တီးမှာဖြစ်ကြောင်းဆိုပါတယ်။ ဒီဇာတ်လမ်းတွဲကို F9: The Fast Saga ရုပ်ရှင်ရဲ့ဇာတ်ညွှန်းဆရာ Daniel Saga က ဇာတ်ညွှန်းရေးသွားမှာဖြစ်ပြီး ထိုရုပ်ရှင်ဟာ ဝေဖန်မှုခံခဲ့ရပေမယ့် Box Office မှာ $700 သန်းကျော်အောင်ရရှိခဲ့တာပါ။ Mass Effect ၄ခုထဲက ၂ခုကိုဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ BioWare စတူဒီယို ရဲ့ ဥက္ကဋ္ဌ Mike Gamble ကလည်း Mass Effect […]
Bloomberg ကရရှိတဲ့သတင်းအရ ဂိမ်းမာတွေရဲ့ အသည်းစွဲ Stray ဂိမ်းကို ဖန်တီးဖြန့်ချီခဲ့တဲ့ Annapurna Interactive ကဝန်ထမ်းအားလုံးဟာ နှုတ်ထွက်သွားကြပြီလို့သိရပါတယ်။ Annapurna Interactive ရဲ့ ဥက္ကဌဖြစ်သူ Nathan Gary အပါအဝင် သူ့ရဲ့အဖွဲ့သားတွေဟာ ပိုင်ရှင်ဖြစ်သူ ဘီလီယံနာ Larry Ellison ရဲ့ သမီးဖြစ်သူ Megan Ellison နဲ့ Annapurna Interactive ကို မိခင်ကုမ္ပဏီဖြစ်တဲ့ Annapurna Pictures အောက်မှာ လွတ်လပ်စွာရပ်တည်ခွင့်ပေးဖို့ ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ပြီးနောက် နှုတ်ထွက်သွားခဲ့ကြတာဖြစ်ပါတယ်။ Annapurna Pictures ဟာ Annapurna Interactive အပါအဝင် သူ့လက်အောက်က အခြားလုပ်ငန်းတွေကို ပေါင်းစည်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ Source: Bloomberg Source link