ylliX - Online Advertising Network

ဂွမြို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆုတ်ခွာနေရ

ရခိုင်ပြည်ရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် ( AA) တို့ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေနဲ့ ဆုတ်ခွာထွက်ပြေးရတာတွေရှိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။   ဂွမြို့နယ်၊ ကြွေချိုင်ရွာထိပ်ရှိ တောင်ပိန္နဲရိပ် စားသောက်ဆိုင်အနီး စစ်ကောင်စီတပ် စစ်ကြောင်းကို AA က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  စုံစမ်းသိရှိရပါတယ်။   “မနက်အစောကြီးရှိသေးတယ်။ အပြန်အလှန်ပစ်နေတာ တော်တော်ကြာတယ်။ စစ်တပ်က အငိုက်မိသွားတာ။ သေတဲ့လူလည်း အတော်များတယ်။ ပြန်မဆွဲနိုင်ဘူး။ လက်နက်တွေလည်းထားခဲ့ပြီး ထွက်ပြေးသွားတယ်”လို့ CJ Platform ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။   စစ်ကောင်စီနဲ့ […]

တကယ်စား ဂိမ်း

ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ရပေမယ့် ဆော့နေရင်းကို အူတက်နေရမယ့် ပေါက်ပေါက်ရှာရှာ ဂိမ်း အစားကြီးတွေကို တင်ဆက်ပေးပါမယ်။ (၁) Walk Master Source : Two Men and a Dog ဒီဂိမ်းကတော့ Walk Master ဆိုတဲ့အတိုင်း ကွီးတို့ လမ်းလျှောက် စကေး ဘယ်လောက်ကြမ်းလဲဆိုတာ ကြည့်ရမယ့် တကယ်စားတဲ့ ဂိမ်း တစ်ခုပါ။ ရိုးရိုးတမ်းတမ်း လမ်းလျှောက်ရမှာတော့ မဟုတ်ပါဘူး။ ကုလားမ ခြေထောက်လို့ခေါ်တဲ့ သစ်သားတုတ်ပေါ်တက်ပြီး လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ အတားအဆီးတွေ ၊ အနှောင့်အယှက်တွေကို ကျော်ဖြတ်ရင်း တောလမ်းတစ်လျှောက် ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်ရမယ့် ဂိမ်းလေး ဖြစ်ပါတယ်။ (၂) Ragdoll Fists   […]