ylliX - Online Advertising Network

ကရင်ပြည်နယ်အတွင်း ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြု

ဘားအံ၊ အောက်တိုဘာ ၃၁ ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ဘေးဒဏ်သင့်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။ ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးရေလျှံမှု၊ မြေပြို/ကမ်းပြိုမှုများဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုနှင့် မြေပြို/ကမ်းပြိုမှုများ ထပ်မံဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအား ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်၊ အလှူရှင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုဆောင်ရွက်ပေး ခဲ့ကြောင်း၊ သဘာဝဘေးကျရောက်ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် […]

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်ကြီးကို ကျောင်းဆောင်အမည် ပြောင်းလဲပြီး ဂုဏ်ပြု

နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်အမျိုးသမီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ် မူလတန်းကျောင်းမှာ ကျောင်းဆောင်ကို သူ့အမည် မှည့်ခေါ်ခဲ့ပါတယ်။ ကလုဒင်းဝီလ်ဆန်ဟာ ကျောင်းစောင့်အလုပ်တင် မကဘဲ ပိုက်ပြင်တာ၊ ကျောင်းကားမောင်းတာ စတဲ့အလုပ်တွေလည်း ဝင်လုပ်ခဲ့ပြီး ကျောင်းအတွက် လိုအပ်တဲ့နေရာတိုင်းမှာ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့သူပါ။ ဒါပေမဲ့ သူ အမြတ်နိုးဆုံးအလုပ်ကတော့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ပေးရတဲ့ ကျောင်းစောင့်အလုပ်ပါပဲ။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ဆွီဒီဘော့အာသရီး ကျောင်းခရိုင်အဖွဲ့အစည်းက မူလတန်းကျောင်းရဲ့ ကျောင်းဆောင်ကို ကလုဒင်းဝီလ်ဆန်သင်ကြားရေးစင်တာလို့ အမည်ပေးပြီး ကျောင်းစောင့်ကြီး ကလုဒင်းဝီလ်ဆန်ကို ဂုဏ်ပြုဖို့ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။ ” ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ မပြောလိုပါဘူး။ သူရဲကောင်းလည်း မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါက ကလေးတွေအတွက် လုပ်ပေးခဲ့တာပါ” လို့ ကလုဒင်းဝီလ်ဆန်က […]