ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထိုမြို့များမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောင်မြို့နယ်၊ ငပလီကမ်းခြေအနီး မြို့နယ်များဖြစ်သော အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။ ဂွနှင့်တောင်ကုတ်တိုက်ပွဲ AA တပ်သည် မြို့နှင့် မိုင် ၂၀ ခန့် အကွာကိုရောက်ရှိနေကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်၊ စစ်ကောင်စီတပ်၏ အားသာချက်မှာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးပစ်ကူပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်ကပင် AA ကို ခုခံလာသော်လည်း ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရကာ ဂွနှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်ကျိုးရွာအနီးသို့ တပ်ဆုတ်လိုက်ရပြီးနောက် AA က လိုက်လံတိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက […]