ylliX - Online Advertising Network

အမေရိကန်ရဲ့ နိုဝင်ဘာ ၅ ရွေးကောက်ပွဲအတွက် ၅၃ သန်းကျော် ကြိုတင်မဲပေးပြီးပြီလို့ဆို

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လူပေါင်း ၅၃ သန်းကျော်ဟာ ကြိုတင်မဲပေးပြီးသွားပြီလို့ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ကြိုတင်မဲ စောင့်ကြည့်လေ့လာမှု အချက်အလက်တွေအရ သိရပါတယ်။   မဲပေးပိုင်ခွင့်ရှိသူ ၁၈၆ သန်းကျော်ရှိတဲ့ အနက် ၅၃ သန်းကျော်က ကြိုတင်မဲပေးခဲ့တာကြောင့် မဲပေးပိုင်ခွင့်ရှိသူ သုံးပုံတစ်ပုံနီးပါးက ကြိုတင်မဲ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။   လက်ရှိမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးပတ်မှာ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပါတယ်။   လက်ရှိပေးပြီးသွားတဲ့ ကြိုတင်မဲတွေထဲက ၃၉ ရာခိုင်နှုန်းဟာ ဒီမိုကရက်ပါတီအဖြစ် မှတ်ပုံတင်ထားသလို ၃၆ ရာခိုင်နှုန်းကတော့ ရီပတ်ဘလီကန်ပါတီအဖြစ် မှတ်ပုံတင်ထားတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။   ဒါ့အပြင် […]