RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်အရ စစ်မှုထမ်းအကောင် အထည်ဖော်ရာတွင် မြို့ပေါ်ထက် ကျေးရွာများကို ပစ်မှတ်ထားလုပ်ဆောင်မှုနှင့်အတူ လူသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်လည်း သတင်းပေါက်ကြားမှုနည်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် ၁ တွင် သင်တန်းသား ၅ထောင်ဝန်းကျင်ကို အောင်မြင်စွားခေါ်ယူနိုင်ခဲ့သော်လည်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းရာတွင် ခက်ခဲခဲ့ပြီး သတ်မှတ်အရေအတွက်ရရှိရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ အပတ်စဉ် ၃ မှစ၍ လူသစ်စုဆောင်းမှုကို တစ်လကျော်ကြာ အချိန်ယူကာ နီးစပ်ရာ တပ်ရင်းစခန်းများတွင် ပို့ဆောင်ခဲ့ပြီး သင်တန်းဖွင့်သည့်အခါမှ ပို့ဆောင်ခြင်းကို လုပ်ဆောင်ခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ အောက်တိုဘာ ၁၉ နေ့က ထုတ်ပြန်သည့် “စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီက […]