Flu ဆိုတော့ တုပ်ကွေး ဒီတော့ Period Flu ဆိုတာက ရာသီလာချိန်မှာ ခံစားရတဲ့ တုပ်ကွေးပေါ့လို့ အဓိပ္ပါယ် မဖွင့်ဆိုခင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။ Period fluဆိုတာက ကျန်းမာရေးပြဿနာပါ။ ဒါပေမယ့် Period flu ခံစားရတဲ့အခါ ခေါင်းကိုက်တာ၊ အစာခြေစနစ် မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာလိုမျိုး တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားရပါတယ်။ တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားကြရပေမယ့် ဒီလက္ခဏာတွေက တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာကြောင့် အခုလို လက္ခဏာမျိုးတွေကို ခံစားရတာပါ။ Period flu လက္ခဏာတွေက ရာသီအကြိုလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလက္ခဏာကို မျိုးဥကြွေပြီးချိန်နဲ့ ရာသီသွေးမဆင်းခင် ကြားကာလမှာ ခံစားကြရပါတယ်။ ဒီလက္ခဏာတွေက […]
ခုနောက်ပိုင်းမှာ ကိုယ်ခံအားစနစ်ဟာ အလွန်အရေးပါတယ်ဆိုတာကို လူတိုင်းနီးပါ သိနားလည်လာကြပါပြီ။ ကိုယ်ခံအား စနစ်ဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် အထူးအရေးပါ အရာရောက်ပြီး လွယ်လင့်တကူ ကူးစက်ပျံ့နှံနိုင်တဲ့ ကူးစက်ရောဂါတွေရဲ့ ရန်ကနေ ကင်းဝေးနိုင်စေဖို့ အထူးအရေပါလှတဲ့ ခံတပ်ကြီးတစ်ခုပေါ့။ ကိုယ်ခံအားကောင်းမှ နေကောင်းကျန်းမာမယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုအခြေအနေကို ကိုယ်ခံအားကောင်းတယ်လို့ သတ်မှတ်ပြီး ဘယ်လိုအခိုက်အတန့်ကို ကိုယ်ခံအားကျဆင်းလာနေတယ်လို့ ဆိုနိုင်မလဲ? မိမိမှာ ဘယ်လိုအခြေအနေဆိုရင် ကိုယ်ခံအားကောင်းမွန်နေတယ်၊ ဘယ်အနေအထားဆိုရင် ကိုယ်ခံအား ကျဆင်းအား ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပိုပြီး အထောက်အကူဖြစ်စေလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ကိုယ်ခံအားကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ လက္ခဏာတွေကို ပြောပြပေးသွားပါမယ်နော်။ ကိုယ်ခံအားကောင်းမွန်နေတဲ့ လက္ခဏာများ … ၁။ အစားစားချင်စိတ် မှန်နေမယ် ၂။ ဝမ်းဗိုက်ကျန်းမာနေမယ် […]