ကျားဟော်မုန်း လို့ခေါ်တဲ့ Testosterone Level ကျခြင်းက ကျန်းမာရေးပြဿနာမျိုးစုံကို သယ်ဆောင်လာတတ်ပါတယ်။ Testosterone ကျလာရင် လိင်စိတ်ကျဆင်းမယ်။ စိတ်ဓါတ်ကျဆင်းပြီး ကိုယ်အလေးချိန်တက်မယ်။ အရိုးတွေ ပါးပြီး ဆံပင်တွေ ကျွတ်မယ်။ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရပါမယ်။ ဒါကြောင့် ဒီပြဿနာတွေလည်း မဖြစ်ရအောင် Testosterone Level တက်လာစေမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ (၁) ကောင်းကောင်းအိပ်ပါ Photo : Pexels နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းက Testosterone Level ပိုတက်စေတယ်ဆိုတာ သိပါသလား။ အကောင်းဆုံးက တစ်ရက်ကို ၇ နာရီနဲ့ ၉ နာရီအကြား အိပ်ပေးဖို့ပါ။ အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို အားသွင်းနေတာ ဖြစ်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့အကျိုးကို ပေးနိုင်ပါတယ်။ (၂) […]