#World_NewsPublished 13 November 2024 ▪️ တရုတ်ပြည်တောင်ပိုင်းမှာ ကားတစ်စီးက အားကစားစင်တာတစ်ခုရှိ လူအုပ်ထဲကို ဝင်တိုက်သဖြင့် လူ ၃၅ ဦးသေဆုံးကာ ၄၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တရုတ်သမိုင်းကြောင်းမှာ အသက်အန္တရာယ် အထိခိုက်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။ ▪️ မကာအိုအနီး တရုတ်တောင်ပိုင်း လူဦးရေ ၂သန်းခွဲခန့်ရှိတဲ့ ကျူဟိုင်မြို့မှာ တနင်္လာနေ့ညက ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ ▪️ လူတွေမြေပြင်ပေါ် လဲနေပြီး ကားတစ်စီးက ထိုနေရာကနေ ထွက်ပြေးနေတဲ့ ဗီဒီယိုတွေ ပုံရိပ်တွေက တနင်္လာနေ့ည တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ▪️ အသက် ၆၂ နှစ်အရွယ် ဖန်လို့အမည်ရတဲ့ ယာဉ်မောင်းသူကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့လည်ပင်းနဲ့ အခြားနေရာတွေမှာ ကိုယ့်ကိုယ်ကို ဓားနဲ့ခြစ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေကိုလည်း ဆေးရုံတက်ရောက်ကုသ ထားရပါတယ်။ […]