ylliX - Online Advertising Network

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကလော၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူ‌ဇော်ပွဲကို နိုဝင်ဘာ ၁၆ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ကလောမြို့ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ကလောမြို့နယ်အတွင်း ရပ်ကွက်/ ‌ကျေးရွာနေဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများစုပေါင်း၍ မြို့ပေါ်ရပ်ကွက်များက မီးရှော်တိုင်များပြုလုပ်၍ ဘုရားမီးပူဇော်ကြခြင်း၊ မီးကြာစံအဖွဲ့များက မီးကြာအလှအပတို့ဖြင့် မြို့တွင်းလှည့်လည်ပြသခဲ့ကြကြောင်း သိရသည်။ (Xinhua)   Source link

ကလောမြို့၌ ယမ်းပေါက်ကွဲ၍ သံဃာ ၂ ပါးနှင့် လူ ၃ ဦး ဆေးရုံရောက်သွား – သျှမ်းသံတော်ဆင့်

သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့် ကလောဆေးရုံသို့ ပို့လိုက်ရကြောင်း မြို့ခံ တစ်ဦးက ပြောသည်။ ရေဘေးဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရသည့် နာမည်ကျော် ကလောမြို့တွင် တန်ဆောင်တိုင်ပွဲ ကျင်းပရန် ပြင်ဆင်မှု အဖြစ် မီးရှူးမီးပန်းများ အတွက် ယမ်းစပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကျောင်းဆောင် ကြမ်းခင်း ပွင့်ထွက်သွားကြောင်း ဆိုသည်။ “ယမ်းထောင်း ယမ်းစပ်တာကနေ ပေါက်ကွဲတာ။ ဦးပဇင်း ၂ ပါးနဲ့ လူ ၃ […]