ylliX - Online Advertising Network

ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက် လှုပ်ရှားကစားပါ | HapEye.net

”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဟူသော စကားရပ်၏ တန်ဖိုးသည် နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်တွင်မှ ပေါ်လွင်လာလေ့ ရှိသည်။ လူအများစုအဖို့ နေထိုင်ကောင်းချိန်၊ ကျန်းမာရေး ကောင်းမွန်လာချိန်တွင် ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို အမှတ်တမဲ့ ဖြစ်နေလေ့ရှိသည်။ ဖျားနာကာ ရောဂါဘယဖြစ်ပွား၍ မထနိုင် မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ တစ်နည်းအားဖြင့် လူဖြစ်ရှုံးသွားရနိုင်သည်။ ထို့ကြောင့် ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်ရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကြံ့ခိုင်ဖျတ်လတ် သွက်လက်ခြင်းတို့ ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်သည်။ သို့မှသာ အကောင်းဆုံးသော အရာများ၊ အောင်မြင်မှုများကို ရယူဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မြန်မာစကားတွင် ”အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”ဟူ၍ရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု […]