(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ ကိုယ့်လူဖြည်းဖြည်း မင်း ပြေးနေတာ အဝေးပြေးလမ်းပေါ်မှာ မဟုတ်ဘူး မင်း ပြေးနေတာ ရန်သူ့သတ်ကွင်းထဲမှာ မဟုတ်ဘူး မင်း ပြေးနေတာ မြေမြှုပ်မိုင်းကွင်းထဲမှာ မဟုတ်ဘူး မင်း ပြေးနေတာ လုံခြုံစိတ်ချအမိုးအကာအောက်က မင်းအိမ်ထဲမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလေ ကိုယ့်လူ ဖြည်းဖြည်း မင်း တွေးနေတာ တိုင်းပြည်ကောင်းစားဖို့ မဟုတ်ဘူး မင်း တွေးနေတာ စနစ်တစ်ခု ပြောင်းလဲဖို့ မဟုတ်ဘူး မင်း တွေးနေတာ တန်းတူညီမျှဖို့လည်း မဟုတ်ဘူး မင်း တွေးနေတာ မင်း သက်သာရာရဖို့ပဲလေ ကိုယ့်လူ ဖြည်းဖြည်း ချော်လဲမယ် သတိထား တော်လှန်ရေး အကြောင်းပြပြီ ချော်လဲရောမထိုင်နဲ့ ကိုယ့်လူ ဖြည်းဖြည်း အစာကို ကြေညက်အောင်ဝါး ကျိန်စာတွေ […]