ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတချို့၏ အနုတ်လက္ခဏာ သဘောထားများကြောင့် လုံခြုံရေးကောင်စီက ဂါဇာပဋိပက္ခ ဖိအားစမ်းသပ်မှုတွင် “ကျရှုံး” ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၅ ရက်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဖုချုံးက ယခုအကြိမ် ဂါဇာပဋိပက္ခသည် အရှေ့အလယ်ပိုင်းအရေးတွင် ကုလသမဂ္ဂ ရင်ဆိုင်နေရသည့် အကြီးဆုံး ဖိအားစမ်းသပ်မှုဖြစ်ကြောင်း၊ ဤစမ်းသပ်မှုမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တချို့နိုင်ငံများက မိမိ၏တာဝန်ကို တည့်မတ်စွာ ရှုမြင်ရန်၊ လုံခြုံရေးကောင်စီက ကိရိယာသေတ္တာထဲရှိ ရွေးချယ်နိုင်စရာ အားလုံးကို အသုံးပြု၍ ချက်ချင်းအပစ်ရပ်ရေး၊ ပြန်လည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် တစ်ဆင့်တိုး လှုပ်ရှားရေးကို ထောက်ခံရန် တိုက်တွန်းကြောင်း […]