ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး ဆောက်လုပ်မှု တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ဆော်ဒီအာရေးဘီးယား၏မြို့တော် ရီယာ့ဒ်တွင် တည်ရှိပြီး Mukaab ဟု အမည်ပေးထားသည့် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ အကုန်အကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံတဝန်းတွင် အနာဂတ်ဆန်လှသော ဆောက်လုပ်ရေးစီမံကိန်း များစွာ အကောင်အထည်ဖော်နေရာ Mukaab လည်း အပါအဝင် ဖြစ်သည်။ (ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည့် Mukaab အဆောက်အအုံကြီး၏ သရုပ်ဖော်ဓာတ်ပုံ။ ဓာတ်ပုံ-flickr/ Salman Al-Mazini) ရီယာ့ဒ်၏ ကောင်းကင်မြင်ကွင်းကို ပြောင်းလဲစေမည့် Mukaab အဆောက်အအုံကြီးသည် အမြင့်ပေ ၁၃၀၀၊ အကျယ် ပေ ၁၂၀၀ ရှိမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုမှ Empire State အဆောက်အအုံကြီး အလုံး […]
Skip to content ဆော်ဒီအာရေးဗီးယားဟာ ဗိသုကာ နည်းပညာ နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်နေပါတယ်။ The Mukaab လို့ အမည်ပေးထားတဲ့ ကုဗတုံး ပုံသဏ္ဍာန် မိုးမျှော် အဆောက်အဦး ဖြစ်ပြီး အရှည်၊ အကျယ်နဲ့ အနက်က ၄၀၀ မီတာ ရှိပါတယ်။ အဲဒီ အဆောက်အဦးကို ဆော်ဒီအာရေးဗီးယားမှ Riyadh မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ Saudi Public Investment Fund က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ကြီးလှပါတယ်ဆိုတဲ့ နယူးယောက်စီးတီးမှ Empire State Building အလုံး ၂၀ ကို ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦး ဖြစ်လာမှာပါ။ အဆောက်အဦး အပြင်ပိုင်းကို […]