ကမ္ဘောဒီယားနိုင်ငံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောဝပ် ဘုရားကျောင်းတည်ရှိရာ နိုင်ငံဟု လူသိများကြပါတယ်။ ကမ္ဘောဒီယားနိုင်ငံရဲ့မြို့တော်ဟာ ဖနွမ်းပင်မြို့ဖြစ်ပေမယ့်လည်း ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးနေရာကတော့ Krong Siem Reap မြို့မှာရှိတဲ့ ရှေးဟောင်းအန်ကောဝပ် ဘုရားကျောင်းပါပဲ။ အန်ကောဝပ်ဘုရားကျောင်းနဲ့ ဆက်စပ်တည်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းဗိသုကာလက်ရာများနဲ့ ခရီးသွားများကို ဆွဲဆောင်တဲ့နေရာကတော့ ပြုံးနေတဲ့မျက်နှာရုပ်ထု ၂၀၀ ကျော် ထုဆစ်ပုံဖော်ထားတဲ့ အန်ခေါသုန်း အတွင်းက ဘေယွန်ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ဘေယွန်ဘုရားကျောင်းဟာ ၁၂ ရာစုနှစ်နောက်ပိုင်းမှာ တည်ဆောက်ခဲ့ပြီး အရပ်မျက်နှာအစုံကို မျက်နှာမူနေသယောင် ပြုံးနေတဲ့မျက်နှာပေါင်း ၂၀၀ အထိ ထုလုပ်ထားပါတယ်။ ဒီပြုံးနေတဲ့မျက်နှာရဲ့နောက်ကွယ်က သမိုင်းကြောင်းများစွာရှိပေမယ့် ခမာလူမျိုးအများစု ယုံကြည်ကြတဲ့ သမိုင်းကြောင်းတစ်ခုကတော့ ဘေယွန်ဘုရားကျောင်းဆီက အပြုံးမျက်နှာများဟာ ဘုရားကျောင်းတည်ထောင်သူ Jayavarman VII ဘုရင်ရဲ့ ပြုံးနေတဲ့မျက်နှာဖြစ်ပြီး အရပ်မျက်နှာအစုံကို သူ့အာဏာစက်လွှမ်းမိုးစေရန်ဆိုတဲ့ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် တို့အား သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့်အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌ လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌ လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု […]